Mg Lin

Mg Lin

ပြီးခဲ့တဲ့ ကာလအနည်းငယ်တုန်းကတော့ ကမ္ဘာတစ်ဝန်းလုံးကို ဆွဲဆောင်ထားနိုင်ခဲ့တဲ့ တရုတ်တို့ရဲ့ မိုးပျံကား (Elevated Car)ဟာတော့ ယခုအခါ ယင်းရဲ့ ရှေ့ရေးပိုင်းမှာ မရေမရာမသေမချာဖြစ်နေလျက်ရှိပြီးတော့ လမ်းတွေပေါ်မှာသို့ ယင်းအတွက်ကြောင့် ယာဉ်ကြောပိတ်ဆို့မှုတွေသာဖြစ်စေနေလျက်ရှိတယ်လို့ သိရပါတယ်။
မောင်းသူမဲ့ ကားပျံတွေဟာ ယနေ့ခေတ် နည်းပညာလောကမှာ ဆက်လက်အရေးပါတဲ့နေရာကနေ ဆက်ရှိနေဆဲဖြစ်ပါတယ်။ ယင်းတို့ကို လက်တွေ့အကောင်အထည်ဖော်ဖို့ ကြိုးစားနေတဲ့ Airbus စီအီးအိုကလည်း မကြာခင် စတင်စမ်းသပ်နိုင်မယ်လို့ ယုံကြည်နေလျက်ရှိနေပါတယ်။

ယခင်အစိုးရမှ ချထားပေးခဲ့သည့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြေလွတ်မြေရိုင်း ၄၀၈၉၅ ဒသမ ၃၉ ဧကကို ဧပြီလအတွင်း အစိုးရမှ ပြန်လည်သိမ်းယူသွားမည်ဖြစ်ကြောင်း တိုင်းဒေသကြီးအစိုးရအဖွဲ့ထံမှ သတင်းရရှိသည်။

နိုင်ငံတော်၏ ဘဏ္ဍာ ငွေများ ချွေတာနိုင်ရန် အစိုးရအ ဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် လုပ်ကိုင် သည့် တည်ဆောက်ရေးလုပ်ငန်း များအား တင်ဒါစနစ်ဖြင့် စနစ်တ ကျစိစစ်ခဲ့ရာ ဘဏ္ဍာငွေအများအ ပြားပိုလျှံခဲ့ကြောင်း မန္တလေးတိုင်း ဒေသကြီး အစိုးရအဖွဲ့မှ သတင်း ရရှိသည်။

အစိုးရ ကာလအဆက်ဆက် လုပ်ကိုင်ခွင့်ပြုမိန့်မျိုးစုံဖြင့် မြေလွတ်၊ မြေလပ်နှင့် မြေ ရိုင်းများ ရယူထားမှုကို တောင်သူလယ်သမားများနှင့် လယ်မဲ့၊ ယာမဲ့ တောင်သူလယ်သမားများနှင့် စိုက်ပျိုးမွေးမြူရေးဆိုင်ရာ ရင်းနှီးမြှုပ်နှံလိုသူများကို ပြန်လည်ချထားပေးရန် အစိုးရမှ စီစဉ်နေကြောင်း မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဗဟိုကော်မတီမှ သိရသည်။

ရန်ကုန်စတော့အိတ်ချိန်းတွင် စာရင်းဝင်ကုမ္ပဏီဖြစ်လာရန် အရွေးချယ်ခံထားရသည့် ဂရိတ်ဟော်ခမ်း အများပိုင်ကုမ္ပဏီလီမိတက် အနေဖြင့် ပြီးခဲ့သည့်ဘဏ္ဍာနှစ်တွင် ကုန်သွယ်လုပ်ငန်းခွန်နှင့် ၀င်ငွေခွန်အဖြစ် ကျပ်သိန်းပေါင်း ၅၀၀၀ ခန့် ပေးဆောင်ထားပြီး လက်ရှိတွင် နမ့်ပေါ်ရေအားလျှပ်စစ်စီမံကိန်းအတွက် ဒေါ်လာသန်း ၄၀ ကျော်မြှုပ်နှံရန် လုပ်ဆောင်နေကြောင်း ကုမ္ပဏီ၏ ၂၀၁၆ ခုနှစ် နှစ်ပတ်လည် အစီရင်ခံစာတွင် ဖော်ပြထားမှုအရ သိရသည်။

ထရန်စ်-ပစိဖိတ် ကုန်သွယ်ရေး သဘောတူညီမှုမှ အမေရိကန် နုတ်ထွက်ရန် အထူးအမိန့်ကို ဒေါ်နယ်လ်ထရမ့်က လက်မှတ် ရေးထိုးခဲ့သည်။

တပ်မတော်နှင့် အပစ် ရပ်စာချုပ် (NCA)လက်မှတ်မရေးထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြား ဖြစ်ပွားနေသောတိုက်ပွဲများ လျှော့ချရပ်ဆိုင်းရန် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံသို့ တောင်းဆိုခဲ့သည်ဟု NCA လက်မှတ်ရေးထိုးထားသည့် ပအိုဝ်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (PNLO)ဦးဆောင်နာယက ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောသည်။

အမေရိကန်-တရုတ် နှစ်နိုင်ငံအကြား ကုန်သွယ်ရေးပိုင်းဆိုင်ရာတင်းမာမှုတွေသာ အရှိန်မြင့်သွားခဲ့မယ်ဆိုရင် တရုတ်တို့ပစ်မှတ်ထားပိတ်ဆို့လာနိုင်မယ့် စာရင်းထဲမှာ ကန်လေယာဉ်ထုတ်လုပ်ငန်းစုကြီး Boeing နဲ့ စိုက်ပျိုးရေးကုမ္ပဏီတွေ ထိပ်ဆုံးကနေ ပါဝင်လာနိုင်တယ်လို့ သိရပါတယ်။
အမေရိကန်သမ္မတသစ်ဖြစ်လာခဲ့တဲ့ ဒေါ်နယ်ထရမ့်က ၎င်းရဲ့ ပထမဆုံးမိန့်ခွန်းမှာတော့ နိုင်ငံမှာအလုပ်အကိုင်ပမာဏပေါင်းများစွာ ရှာဖွေဖန်တီးပေးသွားမယ့်ဆိုတဲ့အကြောင်းကို ပြောကြားသွားခဲ့တယ်လို့ သိရပါတယ်။
<< Start < Prev 1 2 3 4 5 6 7 8 9 10 Next > End >>
Page 6 of 73