မြန်မာနိုင်ငံ တစ်ဝန်းရှိ ကြိုးဝိုင်း၊ ကြိုးပြင်ကာကွယ်တောများမှ မြေဧကငါးသိန်းကျော်ကို သစ်တောမြေအဖြစ်မှ ပယ်ဖျက်ပေးခဲ့ကြောင်း သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန သစ်တောဦးစီးဌာနထံမှ သိရသည်။

ကာတာနိုင်ငံမှ မြန်မာ နိုင်ငံသို့ ပျံသန်းလာသည့် ကာတာ လေကြောင်းလိုင်းမှ လေယာဉ် တစ်စီးပေါ်တွင် ခရီးဆောင်အိတ် များအတွင်းမှ ဒေါ်လာငွေများ လိုက်လံခိုးယူနေသည့် တရုတ် နိုင်ငံသားနှစ်ဦးကို ရန်ကုန်အပြည် ပြည်ဆိုင်ရာလေဆိပ်၌ ဇူလိုင် ၂ ရက်က ဖမ်းမိခဲ့ကြောင်း သတင်း ရရှိသည်။

အမျိုးသားအဆင့် သုတေသနလုပ်ငန်းများ အပါအ၀င် သုတေသနလုပ်ငန်းများအတွက် ရန်ပုံငွေ ထောက်ပံ့ပေးမည့် သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှု ဥပဒေမူကြမ်းတွင် နည်းပညာလွှဲပြောင်းထားမှုများကို ပိုင်ဆိုင်သူနှင့် ရယူထားသူများ၏ ခွင့်ပြုချက်မရရှိဘဲ အသုံးပြုပါက ထောင်ဒဏ် တစ်နှစ်နှင့် ငွေဒဏ် ကျပ်သိန်းနှစ်ရာအထိ ဒဏ်ငွေ တပ်ရိုက်နိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ပြန်တမ်းတွင် ဖော်ပြချက်အရ သိရသည်။

 

မြန်မာနိုင်ငံတွင် လာရောက် ရင်းနှီးမြှုပ်နှံ လိုသော်လည်း ဗီဇာလျှောက်ထားရာတွင် မလွယ်ကူသဖြင့် ဗီဇာကင်း လွတ်ခွင့်ပေးရန် ကိုရီးယား စီးပွားရေးလုပ်ငန်းရှင်များက တောင်းဆိုလိုက်သည်။

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် မေလအထိ သစ်မှောင်ခို တန်ချိန်  ၁၀၀၀၀ ကျော် ဖမ်းဆီးရမိခဲ့ကြောင်း သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ၀န်ကြီးဌာန၊ သစ်တောဌာနမှ သိရသည်။

မဲခွဲဆုံးဖြတ်မှုအပြီး ဥရောပသမဂ္ဂမှ နုတ်ထွက်မည်ဖြစ်သော်လည်း နှစ်နိုင်ငံဆက်ဆံရေး ပြောင်းလဲသွားမည်မဟုတ်ကြောင်း ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံရုံးက ဇွန် ၂၈ ရက်တွင် သတင်းထုတ်ပြန်လိုက်သည်။

 ပြည်ပနိုင်ငံများတွင် အကျဉ်းကျနေသော နိုင်ငံသားများ အား မြန်မာသံရုံးများက အကာအ ကွယ်ပေးရမည်ဖြစ်ပြီး ထောင်ဝင် စာမှန်မှန်သွားတွေ့ရမည်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြော ကြားခဲ့သည်။

မလေးရှားနိုင်ငံရောက် တရားမဝင် (OVER STAY) အလုပ်လုပ်ကိုင်နေသည့် မြန်မာအလုပ်သမားများကို တရားဝင်နေထိုင် အလုပ်လုပ်ခွင့်ရရှိရန် ဝန်ဆောင်မှုပေးနေရာ ကျန်ရှိသည့် အလုပ်သမား ၁၇၀၀ကျော်ကို နှစ်လအတွင်း အပြီးဆောင်ရွက်ပေးမည်ဟု Diamond  Place service  ကုမ္ပဏီမှ အုပ်ချုပ်မှု ဒါရိုက်တာ ဦးသိန်းသန်းက ပြောသည်။


မြန်မာနှင့်နယ်သာလန်နိုင်ငံတို့ကြား နှစ်နိုင်ငံ လေကြောင်း သဘောတူစာချုပ် လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို ဇွန် ၂၇ ရက်က ရန်ကုန်မြို့ရှိ လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၌ ကျင်းပသည်။

ပြည်တွင်းသို့ လာရောက်လည်ပတ်သည့် နိုင်ငံခြားဧည့်သည်များအတွက် မသွားရနေရာများ သတ်မှတ်ထားရာ ယင်းနေရာများသို့ နိုင်ငံခြားသားများကို လိုက်ပို့ပြီး ပြဿနာ တစ်စုံတစ်ရာ ဖြစ်ပွားခဲ့ပါက လိုက်လံပို့ဆောင်သူကို အရေးယူသွားမည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှု ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးစန်းယုက ပြောကြားသည်။

<< Start < Prev 10 11 12 13 14 15 16 17 18 19 Next > End >>
Page 15 of 22
You are here:   HomeALL NewsLocal News