ဦးဇော်ဌေးက ''အမျိုးသားပြန်လည်ရင်ကြားစေ့ရေးနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံရဲ့ဆောင်ရွက်ချက်တွေ ပြောပါတယ်။ နောက် ကနေဒါနိုင်ငံအနေနဲ့ အတွေ့အကြုံ ဖလှယ်တာတွေ၊ နိုင်ငံတက အတွေ့အကြုံတွေ ဒါတွေကိုဆွေးနွေးပါတယ်။ နံပါတ်(၂)အချက်ကတော့ အခုကမ္ဘာကြီးမှာ ခြိမ်းခြောက် နေတဲ့ ရာသီဥတုပြောင်းလဲခြင်းနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး နဲ့ပတ်သက် လို့ နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်သွားဖို့ဆွေးနွေးပါတယ်။ နံပါတ်(၃)အချက်ကတော့ စီးပွားရေး နဲ့ယဉ်ကျေးမှုပူးပေါင်းဆောင်ရွက် ရေး၊ စီးပွားရေးရင်းနှီးမြှုပ်နှံမှုနဲ့ပတ် သက်လို့ကတော့ သမ္မတကြီးက တာဝန်သိ၊ တာဝန်ယူတဲ့ရင်းနှီးမြှုပ်နှံမှု တွေအားလုံးကိုလက်ခံမယ်၊ ပူးပေါင်း ဆောင်ရွက်သွားမယ်လို့ပြောပါတယ်။ နောက်ယဉ်ကျေးမှုဖလှယ်ရေးပူး ပေါင်းဆောင်ရွက်ရေး၊ နံပါတ်(၄)အချက်ကတော့ အရင်တုန်းက ၁၉၈ဝ ကာလတုန်းက ကနေဒါနိုင်ငံက မြန်မာ နိုင်ငံကကျောင်းသား၊ ကျောင်းသူတွေကို ပညာသင်ဆုတွေအများကြီးပေးခဲ့တယ်၊ ၁၉၈၄ နောက်ပိုင်း မှာ ရပ် ဆိုင်းသွားတယ်၊ အစိုးရသစ်လက် ထက်ကစပြီး ပညာသင်ဆုတွေ၊ လူငယ်တွေ အဲဒါတွေနဲ့ပတ်သက်ပြီး စကောလားရှစ်တွေတိုးမြှင့်ပေးဖို့ အဲ့ဒါကိုသမ္မတကြီးကတောင်းဆိုတယ်၊ ကနေဒါဘက်ကလည်း ညှိနှိုင်းဆောင် ရွက်သွားဖို့ပြောပါတယ်''ဟုပြောသည်။
ပညာရေးကဏ္ဍအတွက် စကောလားရှစ်ကိစ္စရပ်များနှင့် ပတ်သက်ပြီး သံတမန်အဆင့်နှစ်ဖက်ညှိနှိုင်း ဆောင်ရွက်သွားမည်ဖြစ်သည်။ ယင်းအပြင်သဘာဝပတ်ဝန်း ကျင်နှင့်ပတ်သက် သည့် ရေကြီးရေ လျှံသည့်ဖြစ်စဉ်များတွင် ကနေဒါ နိုင်ငံအနေဖြင့် နိုင်ငံတကာအတွေ့ အကြုံများနှင့်ယှဉ်ပြီး အတတ်နိုင်ဆုံး အကူအညီများပေးသွားမည်ဖြစ် ကြောင်း သိရသည်။ ဦးဇော်ဌေး က''စကောလားရှစ် နဲ့ပတ်သက်ပြီးပေးတာတွေ၊ ဒီဘက် ကလိုအပ်တာတွေဆက်ပြီးတော့ ပရောဂျက်တွေကလုပ်သွားရမှာ ပေါ့၊ သံတမန်လမ်းကြောင်းအရ ပေါ့၊ ဒီကိစ္စတွေကိုကနေဒါဘက်က လက်ခံပါတယ်၊ သဘာဝပတ်ဝန်း ကျင်ကိစ္စနဲ့ပတ်သက်လို့ကတော့ မြန်မာ နိုင်ငံမှာ ရေကြီးရေလျှံမှုတွေကို သူတို့နိုင်ငံရဲ့အတွေ့အကြုံနဲ့ယှဉ်ပြီး ဖလှယ်ပြီးအတတ်နိုင် ဆုံးပံ့ပိုးကူညီ ဆောင် ရွက်ဖို့ပြောသွားတာပါ''ဟု ထပ်မံပြောသည်။ အမျိုးသားရင်ကြားစေ့ရေးနှင့် ပတ်သက်ပြီး လက်ရှိ အစိုးရသစ်လက်ထက်တွင် ထိပ်ဆုံးကဦးစားပေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သမ္မတ ဦးထင်ကျော်က ပြောကြားခဲ့ ကြောင်း သိရသည်။
# Yangon Media Group