Friday, 16 December 2016 11:17

အမေရိကန်ရွေးကောက်ပွဲကို ဝင်ရောက်နှောင့်ယှက်ခဲ့သည့်အတွက် ရုရှားနိုင်ငံကို အရေးယူမှုလုပ်ဆောင်မည်ဟု သမ္မတအိုဘားမားဆို

Written by
Rate this item
(0 votes)
အမေရိကန်သမ္မဘားရက်အိုဘားမားသည် အမေရိကန်ရွေးကောက်ပွဲတွင် ဝင်ရောက်နှောင့်ယှက်ခဲ့သည့် အတွက် အရေးလုပ်ဆောင်မှုများ ပြုလုပ်ရန်လိုအပ်ပြီး လုပ်ဆောင်သွားမည်ဟု အမေရိကန်သမ္မတအိုဘားမား ကပြောကြားလိုက်သည်။
ရုရှားသမ္မတ ဗလာဒီမာပူတင်သည် အမေရိကန်သမ္မတရွေးကောက်ပွဲသို ဖောက်ထွင်း (Hack) ရန် ထောက်လှမ်းရေးအေဂျင်စီများကို ညွှန်ကြားခဲ့ကြောင်းနှင့် ဒေါ်နယ်ထရန့်ကို ကူညီခဲ့သည့် ကြိုးပမ်းချက်သည် အမေရိကန်ဒီမိုကရေစီကို ကမောက်ကမဖြစ်စေကြောင်း ကြာသပတေးနေ့တွင် အမေရိကန်အရာရှိ ၃ ဦးက ပြောကြားခဲ့ပြီးနောက် ယင်းပြောကြားချက်ထွက်ပေါ်လာခြင်းဖြစ်သည်။ နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲတွင် မျှမျှတတအနိုင်ရရှိခဲ့သည်ဟု ပြောကြားထားသော ရွေးကောက်ခံသမ္မတဒေါ်နယ်ထရန့် ကို မကျေနပ်သော ဒီမိုကရက်တစ်ပါတီဝင်များ အပါအဝင် လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများကိုHack ခြင်းဖြင့် ရွေးကောက်ပွဲကိုလွှမ်းမိုးရန် ရုရှားနိုင်ငံက ကြိုးပမ်းခဲ့ကြောင်း အမေရိကန်ထောက်လှမ်းရေးအေဂျင်စီများက ပြောကြားခဲ့ကြသည်။ ရုရှားတာဝန်ရှိသူများက အမေရိကန်ရွေးကောက်ပွဲတွင်ဝင်ရောက်နှောင့်ယှက်ခဲ့သည် ဆိုသော စွပ်စွဲချက်များကို ငြင်းဆိုခဲ့သည်။ ကြာသပတေးနေ့တွင်အမျိုးသားပြည်သူ့ရေဒီယိုနှင့်ပြုလုပ်ခဲ့သော အင်တာဗျူးတစ်ခုတွင် သမ္မတအိုဘားမားက အမေရိကန်ပြည်ထောင်စုအနေဖြင့် ရုရှားနိုင်ငံအပေါ် အရေးယူမှုလုပ်ဆောင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ အိုဘားမားက "ကျွန်တော်တို့ရဲ့ ရွေးကောက်ပွဲ ခိုင်မာတည်ကြည်မှုကို ထိခိုက်အောင်လုပ်တဲ့ ဘယ်နိုင်ငံခြားအစိုးရကိုမဆို အရေးယူလုပ်ဆောင်ဖို့ လိုအပ်ပါတယ် ပြီးတော့ လုပ်ဆောင်ရမှာပါ" ဟုပြောကြားခဲ့သည်။
 
Credit To >>> Democracy Today
Read 1411 times