ဘဏ်ကနေချေးငွေဖြင့် အိမ်ရာဝယ်ယူသူများအားပြန်လည်အကျေပေးဆပ်ရမယ့် ကာလကို ရှစ်နှစ်မှ (၁၅) နှစ် အတွင်း တိုးမြှင့်ပေးဖို့ စီစဉ်နေပြီလို့ မြို့ပြနဲ့ အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနကနေ သိရပါတယ်။

(၅၃)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ငါးရက်တာ ကာလအတွင်း ကျောက်စိမ်းတွဲပေါင်း ၃,၉၀၁ တွဲ မှ ယူရို ၄၈၀ ဒသမ ၂၀ သန်း ရောင်းချနိုင်ခဲ့ကြောင်း သတင်းရ ရှိသည်။

မြန်မာနိုင်ငံမှာ ပြည်ပသို့ သုံးလအတွင်း ပဲမျိုးစုံတန်ချိန် နှစ်သိန်းကျော်တင်ပို့ထားနိုင်ပြီ ဖြစ်တယ်လို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက သိရပါတယ်။


၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်၊ ဧပြီမှ ဇွန်လအထိ ပြည်ပသို့ ပဲမျိုးစုံတန်ချိန်တင်ပို့ထားသော ပမာဏဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၁၅-၁၆ ဘဏ္ဍာနှစ်ကပြည်ပသို့ ပဲမျိုးစုံတန်ချိန် ၁၂ သိန်းကျော် တင်ပို့ထားနိုင်ခဲ့ပါတ်ယ။ပဲမျိုးစုံအနက် မတ်ပဲနဲ့ ပဲစင်းငုံများကို ပြည်ပသို့ တင်ပို့မှုများပြားပြီးပဲတင်ပို့မှု ၇၀ ရာခိုင်နှုန်းကို အိန္ဒိယသို့ တင်ပို့လျက်ရှိပါတယ်။ပဲတီစိမ်းကို အာဆီယံဒေသတွင်းနိုင်ငံများသို့ တင်ပို့လျက်ရှိပါတယ်။အိန္ဒိယနိုင်ငံရဲ့ ၀ယ်လိုအားကို အဓိကအားထားနေရပြီး ၀ယ်လိုအားအပေါ်မူတည်ကာ ဈေးနှုန်းပြောင်းလဲလျက်ရှိတယ်လို့ ပဲကုန်သည်များထံမှ သိရပါတယ်။ အိန္ဒိယက အ၀ယ်လိုက်နေတဲ့
အတွက် မတ်ပဲဈေးနှုန်းနဲ့ ပဲစင်းငုံဈေးနှုန်းများ မြင့်တက်လျက်ရှိနေပြီးမတ်ပဲတစ်တန်လျှင် ၁၈ သိန်းဝန်းကျင်၊ ပဲစင်းငုံတစ်တန်လျှင် ၁၄ သိန်းဝန်းကျင်ဈေးပေါက်လျက်ရှိနေပါတယ်။မြန်မာနိုင်ငံဟာ ကမ္ဘာပဲမျိုးစုံတင်ပို့မှုအများဆုံးနိုင်ငံဖြစ်တဲ့ကနေဒါပြီးနောက် ဒုတိယပဲတင်ပို့မှုအများဆုံး နိုင်ငံအဖြစ်ရပ်တည်လျက်ရှိပါတယ်။ ပြည်ပသို့ မတ်ပဲ၊ ပဲဆီစိမ်း၊ ပဲစင်းငုံ၊ ကုလားပဲ၊ ပဲလွန်းဖြူ၊ မြေထောက်ပဲ တို့ကို တင်ပို့လျက်ရှိပါတယ်။မြန်မာနိုင်ငံဟာ ၂၀၁၄ ခုနှစ်က ပဲမျိုးစုံ နိုင်ငံခြား တင်ပို့မှု တန်ဖိုး အမေရိကန်ဒေါ်လာ ၈၃၅ သန်းရှိပြီး ဆန်တင်ပို့မှု တန်ဖိုး အမေရိကန်ဒေါ်လာ သန်း ၃၆၀ ထက် များပြားခဲ့ပါတယ်။မြန်မာနိုင်ငံမှာ ဆန်စပါး တစ်မျိုးတည်းစိုက်ပျိုးထုတ်လုပ်ဖို့ အားပေးတာမျိုး မဟုတ်ဘဲ အခြား သီးနှံမျိုးစုံ စိုက်ပျိုးဖြစ်ထွန်းနိုင်တဲ့ အခြေအနေတစ်ရပ် ဖြစ်လာအောင် အားပေး လုပ်ဆောင်သွားဖို့ လိုအပ်နေပါတယ်လို့ ကမ္ဘာဘဏ်က သုံးသပ်ထားပါတယ်။
 
Credit To >>> SFJ Strategy First Journal
ရန်ကုန်စတော့ အိတ်ချိန်းသို့ ဝင်ရောက်မည့် စာရင်းဝင် ကုမ္ပဏီ တစ်ခုဖြစ်သော မြန်မာ့လယ်ယာ စီးပွားရေး အများပိုင် ကော်ပိုရေးရှင်း (MAPCO )က ဒုတိယအကြိမ်အဖြစ် ရောင်းချလျက်ရှိသော အစုရှယ်ယာများကို ဝယ်ယူခွင့်အချိန် ထပ်တိုးပေးရန် ရှယ်ယာရှင် အဟောင်းများက တောင်းဆိုလျက် ရှိကြောင်း အဆိုပါ ကုမ္ပဏီထံမှ သိရသည်။

နယ်စပ်ကုန်သွယ်ရေးမှ လုပ်ငန်းသုံးကုန်ကြမ်းနှင့် လူသုံးကုန်ပစ္စည်း တင်သွင်းမှု မြင့်တက်ခဲ့သော်လည်း ရင်းနှီးမြှုပ်နှံမှုကုန် ပစ္စည်းတင်သွင်းမှု လျော့ကျခဲ့ကြောင်း ကုန်သွယ်ရေးဦးစီးဌာနမှ သိရသည်။

၂၀၁၆-၁၇ ဘဏ္ဍာနှစ် မြန်မာနိုင်ငံရဲ့ ကုန်သွယ်မှုတန်ဖိုးတွေ
ပိုမိုမြင့်တက်လာသလို ကုန်သွယ်မှုလိုငွေပါတိုးတက်လာနေ
တယ်လို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန
ထုတ်ပြန်ချက်အရသိရပါတယ်။

ကျိုက်ထီးရိုးစေတီတော်တွင် အကောင်အထည်ဖော် ဆောင်ရွက်မည့် ကေဘယ်လ်ကားပြေးဆွဲမှု စီမံကိန်းအတွက် လုပ်ငန်းတင်ဒါကို ဇူလိုင်လအတွင်း ပြန်လည်ခေါ် ယူသွားမည်ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနမှ သိရသည်။

လူထုခေါင်းဆောင် နိုင်ငံ့ ခေါင်းဆောင်၏ထိုင်းနိုင်ငံခရီးစဉ် အောင်မြင်မှုသတင်းတွေအကြား စီးမျောဝမ်းသာနေရသောနေ့ရက်များအတွင်း ကမ္ဘာကို ကိုင်လှုပ်လိုက်သလိုဖြစ်သွားသည့်ကိစ္စ တစ်ရပ်လည်းဖြစ်ပေါ်ခဲ့ပါ၏။

ဇွန်လ ၂၄ ရက်နေ့တွင် ထွက်ပေါ်ခဲ့သည့် ဗြိတိန်သည် ဥရောပသမဂ္ဂမှ နှုတ်ဆက်ထွက်ခွာရန် သေချာသွားပြီဆိုသည့် ဆန္ဒခံယူပွဲရလာဒ်ကြောင့် စတာလင်ပေါင်ဈေးနှုန်း စံချိန်တင်ကျဆင်းခဲ့သလို ကမ္ဘာ့စတော့ရှယ်ယာဈေးကွက်အနေနှင့် ယင်းတစ်နေ့တည်းမှာပင် အမေရိကန်ဒေါ်လာ ၂ ထရီလီယံလောက် ဆုံးရှုံးခဲ့သည်။

ထိုင်းနိုင်ငံရဲ့ အွန်လိုင်းငွေပေးချေမှု ကုမ္မဏီတစ်ခုဖြစ်တဲ့ Ascend Money ရဲ့အစုရှယ်ယာ ၂၀ ရာခိုင်နှုန်းကို တရုတ် သူဌေးကြီး Jack Ma ရဲ့ လုပ်ငန်းခွဲတစ်ခုက ၀ယ်ယူဖို့ စီစဉ်နေပြီလို့ သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။

<< Start < Prev 3 4 5 6 7 8 9 10 11 12 Next > End >>
Page 11 of 12