Wednesday, 18 January 2017 09:56

ပြည်တွင်းသုံးငွေဖြင့် ဗီဇာခရက်ဒစ်ကတ်သုံး၍ ငွေပေးချေနိုင်

Written by
Rate this item
(0 votes)
မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးနှင့် သုံးစွဲသူများ အဆင်ပြေလုံခြုံစွာ ငွေပေးချေမှုများပြုလုပ် နိုင်ရန်အတွက် ငွေပေးချေမှု နည်းပညာများ တိုးတက်လာရန် မကြာ သေးမီက Visa Card ကဲ့သို့သော နိုင်ငံတကာကတ်များကို ပြည်တွင်းတွင် မြန်မာကျပ်ငွေဖြင့် အသုံးပြုခွင့် ကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ခွင့်ပြုထားကြောင်း သိရသည်။
 
CB Bank သည် Visa နှင့် ပူးပေါင်းကာ Gold Visa Credit Card နှင့် Platinum Visa Credit Card များကို မြန်မာနိုင်ငံသားများအတွက် ပထမဦးဆုံး စတင်ထုတ်ဝေ လိုက်သည်။ ၎င်းကတ်များကို ပြည်တွင်းတွင် အသုံးပြုနိုင်သကဲ့သို့ နိုင်ငံရပ်ခြားတွင်လည်း အသုံးပြုနိုင်မည် ဖြစ်သည်။ စာရင်းရှင်းလင်းမှုကိုလည်း မြန်မာကျပ်ငွေဖြင့် ပြုလုပ်သွားနိုင်မည်ဖြစ်သည်။
 
CB Bank မှ Visa Credit Card ထုတ်ဝေခြင်းနှင့်စပ်လျဉ်း၍ ဒုတိယ အမှုဆောင်ဥက္ကဋ္ဌနှင့် CEO ဦးကျော်လင်းက ''မြန်မာနိုင်ငံတော် ဗဟိုဘဏ်က Visa Card လို နိုင်ငံ တကာကတ်တွေကို မြန်မာကျပ်ငွေ နဲ့ အသုံးပြုနိုင်အောင် ထုတ်ဝေ ခွင့်ပြုလိုက်ခြင်းဟာ ငွေသားမဲ့ အသုံးပြုခြင်းစနစ်ကို ဖော်ဆောင်နိုင် ဖို့အတွက် ကြီးမားတဲ့ အထောက်အပံ့တစ်ခုဖြစ်ပါတယ်။ အခုအချိန်မှာ CB Bank ဟာ Visa Prepaid Card ပေါင်း ၂၅ဝဝဝ ခန့်ကို ထုတ်ဝေထားပြီးဖြစ်ပါတယ်။ Visa Prepaid Card နဲ့ ငွေပေးချေမှုများ တစ်စ ထက်တစ်စ ပမာဏများပြားလာပြီး လစဉ်ပျမ်းမျှ အမေရိကန်ဒေါ်လာ ငါးသန်းခန့် တိုးတက်လာတာကို တွေ့ရပါတယ်''ဟု ပြောကြားခဲ့သည်။
 
နိုင်ငံတော်မှ ဘဏ်လုပ်ငန်းကဏ္ဍကို တိုးတက်စေရန် ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်သည့်အချိန်မှစ၍ CB Bank သည် ငွေပေးချေမှုစနစ်နှင့် ကတ်အသုံးပြုခြင်းစနစ်တို့တွင် ဦးဆောင်ခဲ့သည်။ ATM စက်ဖြင့် ငွေသားထုတ်ပေးခြင်းကို မြန်မာပြည်တွင် ပထမဦးဆုံး ပြုလုပ်ပေးနိုင်ခဲ့သည်။
 

Credit To >>> The Mirror Daily

Read 1359 times