Tuesday, 21 June 2016 10:49

အရှေ့တောင်အာရှမှ ရင်းနှီးမြှုပ်နှံမှုတွေပိုလုပ်လာနေတာကိုတွေ့ရတဲ့ တရုတ်နိုင်ငံက Alibaba လုပ်ငန်း

Written by
Rate this item
(0 votes)

ထိုင်းနိုင်ငံရဲ့ အွန်လိုင်းငွေပေးချေမှု ကုမ္မဏီတစ်ခုဖြစ်တဲ့ Ascend Money ရဲ့အစုရှယ်ယာ ၂၀ ရာခိုင်နှုန်းကို တရုတ် သူဌေးကြီး Jack Ma ရဲ့ လုပ်ငန်းခွဲတစ်ခုက ၀ယ်ယူဖို့ စီစဉ်နေပြီလို့ သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။


သူဌေးကြီး Jack Ma ပိုင်ဆိုင်တဲ့ Alibaba Group Holding Ltd ရဲ့ လုပ်ငန်းခွဲတစ်ခုဟာ ယခုလို ထိုင်းရဲ့ ငွေပေးချေမှု လုပ်ငန်းတစ်ခုက ရှယ်ယာတွေကို ၀ယ်ယူလိုက်ခြင်းအားဖြင့် အရှေ့တောင်အာရှဒေသမှာ အဓိကငွေကြေးဝန်ဆောင်မှု လုပ်ငန်းဆောင်ရွက်သူတစ်ခုဖြစ်လာဖို့ ကြိုးပမ်းလာတာကိုလည်း မြင်တွေ့ခဲ့ရပါတယ်။
တရုတ်သူဌေးကြီး Jack Ma ထိန်းချုပ်ထားတဲ့ Zhejiang Ant Small & Micro Financial Services Group (Ant Financial) ဟာဆိုရင် ယခင်ကတည်းက Ascend Money မှာ ရှယ်ယာတစ်ချို့ကို ပိုင်ဆိုင်ထားတာဖြစ်ပြီးတော့ ခုချိန်မှာ ယင်းရဲ့ပိုင်ဆိုင်မှုကို ရာခိုင်နှုန်း ၃၀ အထိ တိုးမြင့်ရရှိသွားလိုနေတာဖြစ်တယ်လို့ တရုတ် ကုန်သွယ်ရေးဝန်ကြီးဌာနရဲ့ ၀က်ဆိုဒ်မှာ ဖော်ပြထားပါတယ်။
ခုလိုမျိုး ထိုင်းရဲ့ Ascend Money မှာ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ဆောင်တာကလည်း Zhejiang Ant Small & Micro Financial Services Group အတွက် အရှေ့တောင်အာရှဒေသမှာ ယင်းရဲ့ အွန်လိုင်းငွေပေးချေမှု ဆိုင်ရာ ၀န်ဆောင်မှုလုပ်ငန်းတွေနဲ့ အသေးစားငွေချေးစီးပွားရေးလုပ်ငန်းတွေကို တိုးချဲ့လုပ်ဆောင်နိုင်ခွင့် ရရှိတော့မှာဖြစ်ပါတယ်။
ဘီလျံနာ သူဌေးကြီး Jack Ma ရဲ့ ကမ္ဘာတစ်ဝန်းလုပ်ငန်းတွေ ချဲ့ထွင်လုပ်ကိုင်လိုတဲ့ စိတ်ဆန္ဒအတိုင်း ယခုအချိန်မှာ ကာလတန်ဖိုး တန်ကြေးဘီလီယံ ဒေါ်လာ ၆၀ ရှိနေတဲ့ Zhejiang Ant Small & Micro Financial Services Group ဟာဆိုရင် တောင်ကိုရီးယားနဲ့ အိန္ဒိယအပါအ၀င် နိုင်ငံတွေတော်တော်များများမှာလည်း လုပ်ငန်းတွေ တိုးချဲ့လုပ်ကိုင်နေလျက်ရှိနေပါတယ်။
ထိုင်းရဲ့ Ascend Money ရဲ့ လုပ်ငန်းဌာနခွဲတစ်ခုဖြစ်တဲ့ Ascend Nano ဟာဆိုရင် အသေးစားငွေချေးလုပ်ငန်း လုပ်ကိုင်တဲ့ ဌာနတစ်ခုဖြစ်ပြီးတော့ ယင်းရဲ့ ရည်မှန်းချက်က မြန်မာနဲ့ အင်ဒိုနီးရှားတို့လို ဘဏ်အကောင့်အသုံးပြုမှု နည်းပါးတဲ့ နိုင်ငံတွေမှာ ယင်းရဲ့ အီလက်ထရောနစ် ငွေပေးချေမှုလုပ်ငန်းတွေကို ဖြန့်ကျက်ဖို့ ပဲဖြစ်ပါတယ်။


Credit To >>>SFJ Strategy First Journal 

Read 1964 times